IMG 3855

၅၇ ကြိမ်မြောက် အကြီးတန်းစီမံခန့်ခွဲရေးအဖွဲ့အစည်းအဝေးပြုလုပ်ကျင်းပ

မေတ္တာဖွဲ့ဖြိုးရေးဖောင်ဒေးရှင်၏ ၅၇ ကြိမ်မြောက် အကြီးတန်းစီမံခန့်ခွဲရေးအဖွဲ့ (Senior Management Team) ၏
ပုံမှန်အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့မှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ Swen Hotel တွင်
ပြုလုပ်ကျင်းပနိုင်ခဲ့သည်။ အစည်းအဝေးသို့ အကြီးတန်းစီမံခန့်ခွဲရေးအဖွဲ့ဝင် ၁၂ ဦးတက်ရောက်ကြပါသည်။
ယင်းအစည်းအဝေးတွင် ပုံမှန်လုပ်ငန်းများအပြင် အကြီးတန်းစီမံခန့်ခွဲရေး အဖွဲ့ဝင်အသစ်ရွေးချယ်တင်မြောက်ခြင်း၊
အဖွဲ့အစည်းဆိုင်ရာမူဝါဒများအချို့ဖြစ်သော ကျန်းမာရေးစောင့် ရှောက်မှုနှင့် ချေးငွေဆိုင်ရာမူဝါဒများကို ပြင်ဆင်ဖြည့်စွက်ခြင်းနှင့်
အဖွဲ့အစည်းအတွင်းလိုအပ်နေသော မူဝါဒအသစ်များ ဆက်လက်ဖော်ထုတ်နိုင်ရန် ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့ပါသည်။

အကြီးတန်းစီမံခန့်ခွဲရေးအဖွဲ့ဝင်များသည် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့မနက်ပိုင်းတွင် ပုသိမ်စီမံကိန်း ညှိနှိုင်းရေးရုံးတွင်
တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံမှုအစီအစဉ်ကိုလည်း ပြုလုပ်ကျင်းပ နိုင်ခဲ့ပါသည်။