skip to Main Content

လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲရေးဆိုင်ရာနှစ်ပတ်လည်အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ကျင်းပခြင်း

မေတ္တာဖွံ့ဖြိုရေးဖောင်ဒေးရှင်း၏ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲရေးဆိုင်ရာ နှစ်ပတ်လည်အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊
ဇွန်လ ၆ ရက် မှ ၉ ရက်အထိ မန္တလေးမြို့၊ ဂရိတ်ဝေါဟိုတယ်တွင် ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ရုံးချုပ်မှ
အရင်းအမြစ်စီမံခန့်ခွဲရေးညှိနှိုင်းရေးမှူး၊ သက်ဆိုင်ရာရုံးအသီးသီးများမှ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲရေးမန်နေဂျာများနှင့်
လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲရေးစီမံအုပ်ချုပ်သူများ  စုစုပေါင်း (၁၂) ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။ အလုပ်ရုံဆွေးနွေးပွဲမှာ
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြောင်းအရာများ ဆွေးနွေးညှိနှိုင်းခြင်းနှင့် လက်ရှိပြဌာန်းထားသော
လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲရေးနှင့် ၀န်ထမ်းစီမံခန့်ခွဲရေးဆိုင်ရာ မူဝါဒများနျှင့် လုပ်ထုံလုပ်နည်းများကို ပြန်လည်သုံးသပ်ပြီး
လိုအပ်သော နေရာများတွင် မွမ်းမံပြင်ဆင်နိုင်ရန်အကြံပြုတင်ပြခြင်းနှင့် အဖွဲ့အစည်းမှအသစ်ပြဌာန်းထားသော မူဝါဒအသစ်များ
ကို ၀န်ထမ်းလက်စွဲစာအုပ်၏ သက်ဆိုင်ရာအခန်းများသို့ ထပ်မံဖြည့်စွက်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။ မွမ်းမံပြုဆင်ထားသော
လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲရေးနှင့် ၀န်ထမ်းစီမံခန့်ခွဲရေးဆိုင်ရာ ၀န်ထမ်းလက်စွဲစာအုပ်ကို အကြီးတန်းစီမံခန့်ခွဲရေးအဖွဲ့သို့
ဆက်လက်တင်ပြပြီး အတည်ပြုချက်ရယူသွားမည်ဖြစ်သည်။

Back To Top