skip to Main Content

Some of the Neglected and Underutilized Species in Myanmar

NUS book review

အမေ့ခံနေရသော မိတ်ဆွေများ

=  =  =  =  =  =  =  =  =  = = =

သူတို့တတွေဟာ ကျေးလက်ဒေသ

မိသားစုများအတွက် အလုပ်အကိုင်နဲ့

စီးပွားရေးကို အသက်ဆက်ပေးနေတယ်။

သူတို့တတွေဟာ ကျေးလက်ဒေသ

မိသားစုများအတွက် ဆေး နဲ့ အာဟာရ

ဓာတ် ရနိုင်အောင်ပံ့ပိုးပေးနေတယ်။

သူတို့တတွေဟာ မြေကြမ်းကြမ်းနဲ့

ဥတုမသာယာ ရင်လည်းကြိုးစား

ရှင်သန်နေနိုင်ကြတယ်။

သူတို့ကို NUS လို့အတိုကောက်ခေါ်

ကြပါတယ်။ အမေ့ခံနေရသော၊

သုံးစွဲမှုနည်းပါးလာနေသော အပင်

မျိုးနွယ်စုများ(Neglected and

Underutilized Species)။

မြန်မာ့မျိုးစေ့ဘဏ် နဲ့ မေတ္တာ (မေတ္တာ

ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း) အတူတွဲဘက်လုပ်

ဆောင်မှတ်တမ်းတင်ထားတဲ့ စာအုပ်

တအုပ်ကို လက်ဆောင်ရရှိထားပါတယ်။

၂၀၁၉ ခုနှစ် မှာ ထုတ်ဝေထားတာပါ။

ဝထ္ထု မဟုတ် ကဗျာ မဟုတ်

ရသဆောင်းပါး မဟုတ်ပေမယ့်

ကျနော့်အတွက် အရေးကြီးတဲ့ စာအုပ်

တအုပ်ဖြစ်နေပါတယ်။

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပျက်စီးမှု

တစတစပြင်းထန်လာတာနဲ့အတူ

အစားအစာရှားပါးလာခြင်းက ဒွန်တွဲဖြစ်

ပေါ်လာနေပါတယ်။ ကြိုးစားပြီးစိုက်ပျိုးကြ

ပေမယ့် ရာသီဥတုကြောင့် ပိုးမွှားကြောင့်

သဘာဝဘေးဒဏ်ကြောင့် ပျက်စီးမှု

ရှိလာတာ ထင်ထင်ရှားရှားပါပဲ။

 

မြို့ပြဆန်လာခြင်းကြောင့်လည်း

အစားအစာ စားသောက်မှုပုံစံတွေ

ပြောင်းလဲလာနေပါတယ်။ လူတွေရဲ့

အသား စားနှုန်းတဟုန်ထိုး တိုးလာပြီး

အသားတိုးကြက် အသားတိုးဝက်

အသားတိုးဘဲ မွေးမြူရေး ငါးနဲ့ပုစွန်

စီးပွားဖြစ်လုပ်ကိုင်မှု များလာနေတယ်။

အသီးအရွက် စားသုံးမှု နဲ့ စိုက်ပျိုးမှု ရှိနေ

ပေမယ့် လူ အစားများနေတဲ့ အပင်

မျိုးနွယ်တွေကိုပဲ ဦးစားပေး စိုက်ကြပျိုးကြ

ပါတော့တယ်။ စားသုံးမှုနည်းလာတဲ့ 

အပင်မျိုးနွယ်တွေက တဖြေးဖြေး 

မျိုးတုံးပျောက်ကွယ်သွားဖို့ဖြစ်လာ

ကြတယ်။

မြန်မာနိုင်ငံတွင်းမှာ လူတွေရဲ့ 

သတိတယစားသုံး သုံးစွဲခြင်း

မခံရတော့တဲ့ အပင် မျိုးနွယ်တွေ

အများကြီးကျန်နေသေးကြောင်း။

NUS 2019 မှတ်တမ်းစာအုပ်ထဲမှာ

တော့ဧရာဝတီတိုင်းဒေသကြီး နဲ့ 

ရှမ်းပြည်တောင်ပိုင်း ဒေသများ 

က အမေ့ခံအပင်မျိုးနွယ် စာရင်း

များကောက်ယူဖော်ပြထားပါတယ်။

တောင်သလဲ၊ ဂန့်အိတ်၊ ဖလံတောင်ဝှေး၊

ပဒဲကော၊ သပွတ်ချို၊ ဇရစ်ရိုး၊ ဂုံမင်း၊ 

ကနဖော့၊ ငရံ့ပဒူ၊ ပေါက်ပန်းဖြူ၊ 

အောင်ပန်းညို၊ လဲလူ၊ ညောင်ချဉ်၊ 

ပိတ်သချင်း၊ မာလာပင်၊ တောပိန်း 

–  –  –  – အမေ့ခံအပင်မျိုးနွယ် 

(၁၀၀) ကို ဒေသအမည်၊

ရုက္ခဗေဒအမည်၊ ပေါက်ရောက်ရာ

ဒေသ၊ ပေါက်ရောက်တတ်တဲ့ကာလ၊ စုဆောင်းပေးသော တောင်သူများရဲ့

အမည် စသဖြင့်ဖော်ပြထားပါတယ်။

စားလို့ရတယ် ဆေးဘက်ဝင်တယ်

အကြမ်းပတမ်းခံ ရှင်သန်နိုင်တယ်

အာဟာရ ဖြစ်စေတယ် ကဲ ဒီလို

စားပင်မျိုးနွယ်တွေကို အလေးထား

စားသုံးလာအောင်၊ ပြုစု စိုက်ပျိုးလာ

အောင်၊ ချက်ပြုတ် ပြုလုပ်စားသုံးနည်း

တွေကိုလည်း ပျံ့ပွားလာအောင် 

ဘယ်သူတွေ ဘယ်လိုလုပ်ကြမလဲ ?

အစားအစာဖူလုံရေး နဲ့ ကျန်းမာ

စေသောအစားအစာများ ရရှိနိုင်ခွင့် 

ဟာ လူသားတိုင်းရဲ့ အခွင့်အရေး

ဖြစ်တယ်လို့ ကျနော် ယုံကြည်နေပါတယ်။

ကိုပီတိ – ၂၉ အောက်တိုဘာ ၂၀၂၀

 

Download File
Back To Top